မိုးရွာနှုန်းတွက်ခြင်း

ဒေသခံမိုးလေ၀သဌာနက မိုးမရွာတဲ့နှုန်းက 2/3 ရှိတယ်တဲ့။
အပြည်ပြည်ဆိုင်ရာမိုးလေ၀သဌာနက မိုးရွာရန်ရာနှုန်း 75% ရှိတယ်တဲ့။
မိုးရွာနိုင်တဲ့ အလားအလာ (probability) ဘယ်လောက်ရှိလဲ။

Ans:

ဒါဟာ probability ပုစ္ဆာပါ
probability တွေကို ဆယ်တန်းမှာလည်းသင်ခဲ့ဖူးတော့ သိမှာပါ။ probability တွေကိုတွက်တဲ့အခါ 'or' ဆိုရင် ပေါင်း 'and' ဆိုရင်မြှောက်လို့လွယ်လွယ်ပဲမှတ်ထားကြပါတယ်။
အခုပုစ္ဆာမှာ မြင်လွယ်အောင် ဒေသခံကို A လို့သတ်မှတ်လိုက်ပြီး အပြည်ပြည်ဆိုင်ရာကို B လို့သတ်မှတ်လိုက်မယ်။
A နှင့် B က တစ်ခုပေါ်တစ်ခု မမှီခိုဘူးလို့ယူဆပါတယ်။
အဲ့တော့
P(rain)= P(A is wrong and B is right)= P(A is wrong) * P(B is right)= (1-2/3) * (75/100)= 1/3 * 3/4= 1/4
P(no rain)= P(A is right and B is wrong)= P(A is right) * P(B is wrong)= (2/3) * (1-75/100)= 2/3 * 1/4= 1/6
ထို့ကြောင့် probability ရဲ့ပုံသေနည်းအတိုင်း
probability of an event= number of favourable outcome/number of possible outcome
probability of raining = P(rain)/ [P(rain)+P(no rain)]= 1/4 / (1/4+1/6) = 3/5= 60%
ထို့ကြောင့် မိုးရွာရန်ရွာနှုန်း ၆၀% ခန့်ရှိကြောင်းသိရပါတယ်။


No comments:

Post a Comment