လူသုံးယောက်ကစားသောက်ဆိုင်ထဲသို့ထမင်းဝင်စားတယ်။
သူတို့စုစုပေါင်းကျသင့်ငွေမှာ၁၅ကျပ်ဖြစ်သည်။
သူတို့တစ်ယောက်၅ကျပ်စီဝိတ်တာကိုပေးကြသည်။
ဝိတ်တာကထို၁၅ကျပ်ကိုဆိုင်ရှင်အားပေးရာ
ဆိုင်ရှင်က သူ့ဖောက်သည်တွေမို့လို့ဆိုပြီး ၀ိတ်တာကို ၅ကျပ်ပေးကာပြန်အမ်းခိုင်းလိုက်သည်။
သို့သော်ဝိတ်တာကလူသုံးယောက်ကိုတစ်ယောက်၁ကျပ်သာအမ်းပြီးသူကျန်တဲ့၂ကျပ်ကိုဖြတ်စားလိုက်တယ်။
ကယ်.........
လူသုံးယောက်ကတစ်ယောက်ကို၎ကျပ်စီပေးကြတယ်။
(၅ကျပ်ကိုမှတစ်ကျပ်ပြန်ရလို့)
သုံးယောက်ဆိုတော့၁၂ကျပ် ခုနက ၀ိတ်တာက၂ကျပ်ဖြတ်ယူတယ်။
၁၄ကျပ်။
နဂို၁၅ကျပ်ရှိရာတစ်ကျပ်ဘယ်ရောက်သွားသလဲ။
..................
.....................
ဒါက တကယ်တော့ မေးခွန်းကိုတစ်ဖက်သတ်လှည့်မေးထားတာ
တကယ်တော့ မေးခွန်းကမမှန်ဘူး။ လူတစ်ယောက်ရဲ့ တွေးပုံတွေးနည်းကိုလှည့်စားလိုက်ခြင်းဖြစ်တယ်။
သေချာပြန်ကြည့်ပါ
လူ၃ယောက်က ၅ကျပ်စီပေးတယ်၊ ဆိုင်ရှင် ၁၅ ကျပ်ရသွားတယ်။
5+5+5=15
ဆိုင်ရှင်က ၅ကျပ်ပြန်အမ်းတယ်၊ ၀ိတ်တာက ၂ကျပ်ဖြတ်ယူသွားတယ်။
5+5+5=5+10
5+5+5=(3+2)+10
ဒါကတော့မေးခွန်းပထမပိုင်းပါ။ ဒုတိယပိုင်းကြည့်ရအောင်။
ဝိတ်တာက ၃ကျပ်ကို ၁ယောက်၁ကျပ်ပြန်အမ်းလိုက်ပြီး ၂ကျပ်ဖြတ်ထားတယ်။ ဒါကြောင့် ညီမျှခြင်းမှာ အောက်ပါအတိုင်းဖြစ်သွားတယ်။
4+4+4=2+10
လူက ၁ယောက်၎ကျပ်ပေးတယ်။ ၃ယောက် ၁၂ကျပ် = ၂ကျပ်က ၀ိတ်တာ ၁၀ကျပ်ကဆိုင်ရှင်
မေးခွန်းမှာမေးထားတဲ့ ၁၂ကျပ်မှာ ၀ိတ် ၂ကျပ်ထပ်ပေါင်း ၁၄ကျပ်ဆိုတာ လူစိတ်ကိုလှည့်စားထားခြင်းဖြစ်တယ်။
ကျန်တဲ့ ၃ကျပ်က လူ၃ယောက်ဆီမှာဖြစ်ပါတယ်။
No comments:
Post a Comment