မီးသီး

သင်ကအခန်းတစ်ခန်းထဲမှာရှိတယ်ဆိုပါစို့

အဲ့ဒီအခန်းထဲမှာခလုတ်၃ခုရှိတယ်
ခလုတ်အေ၊ ဘီ၊ စီ ပေါ့
အဲ့ခလုတ်၃ခုထဲက၁ခုက အခန်းအပေါ်ထပ်ရဲ့ မီးလုံး(light bulb) နှင့်ချိတ်ဆက်ထားတယ်
သင်ကခလုတ်၃ကိုကြိုက်သလောက်ပိတ်ခွင့်ဖွင့်ခွင့်ရှိတယ်။
ကြိုက်သလောက်အချိန်ယူလို့ရတယ်။
ဒါပေမယ့် သင်ကအခန်းအပေါ်ထပ်ကိုမီးလင်းလား မလင်းဘူးလား ဆိုတာကိုကြည့်ဖို့တစ်ခါပဲတက်ခွင့်ရှိတယ်။
ကဲ.....သင်ဘယ်လိုလုပ်မလဲ။
သင်္ချာနည်းအတိုင်းမတွေးပဲ သိပ္ပံနည်းကျကျတွေးကြည့်ကြပေါ့။


..........
အဖြေက......
မီးလုံးအေကို ၁၀မိနစ်လောက်ဖွင့်ထားပါ။
ထို့နောက် ပြန်ပိတ်ပါ။ ပိတ်ပြီးသည်နှင့် မီးလုံးဘီကိုဖွင့်ပါ။
ထို့နောက် အပေါ်ထပ်သို့တက်နိုင်ပါပြီ။
အပေါ်ထပ်ရောက်ရင် မီးလုံးအေ ကိုင်ကြည့် ပူနေရင် အဖြေကအေ
ဒါမှမဟုတ် မီးလုံးဘီကပွင့်နေတယ်ဆိုရင် အဖြေက ဘီပေါ့
မီးလုံးကမပူ၊ မီးလုံးကမလင်းဘူးဆိုရင် စီဘဲပေါ့။

No comments:

Post a Comment