ဉာဏ်အကောင်းဆုံးမင်းသားလေး
ဟိုရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ အလွန်ချောမောလှပသော
ဘုရင့်သမီးတော်တစ်ပါးရှိတယ်။
တစ်နေ့ တိုင်းတစ်ပါးက မင်းသား၃ပါး က မင်းသမီးကို လက်ထပ်ဖို့
မင်းသမီးအဖေ ဘုရင်ကြီးဆီခွင့်ပန်တယ်တဲ့။
ဒါပေမယ့် ဘုရင်ကြီးက လွယ်လွယ်နှင့် လက်မခံဘူးတဲ့။
သူကမင်းသား၃ပါးကို ပညာစမ်းမယ် အောင်တဲ့သူကိုမှ ပေးစားမယ် လို့ပြောပါတယ်။
ဒါကိုမင်းသားသုံးပါးက လက်ခံတယ်။
အဲ့ဒါနဲ့ ဘုရင်က မင်းသားသုံးယောက်ကို အခန်းတစ်ခုထဲသွင်းပြီးထိုင်ခိုင်းတယ်။
ပြီးရင်သူ အနက်ရောင်ဦးထုပ်၂လုံး အဖြူရောင်ဦးထုပ်၃လုံးပြတယ်။
ပြပြီးတော့ဘုရင်ကြီးက
သူတို့သုံးယောက်ကိုမျက်စိကို အ၀တ်နှင့်အုပ်လိုက်တယ်။
သူတို့၃ယောက်ခေါင်းပေါ်မှာ ဦးထုပ်တစ်လုံးစီဆောင်းပေးလိုက်ပါတယ်။
ကျန်တဲ့ဦးထုပ်ကို သူကယူပြီး ၀ှက်ထားလိုက်ပါတယ်။
ပြီးရင်သူကကစားပွဲစည်းကမ်းကို မိန့်ကြားပါတယ်။
"မောင်မင်းတို့သုံးယောက်ထဲက တစ်ယောက်ကို မျက်စိအုပ်ထားတဲ့အ၀တ်ကို
ဖွင့်လိုက်မယ် မောင်မင်းက ကိုယ့်ခေါင်းပေါ်ကဦးထုပ်အရောင်ကို
ကြည့်ခွင့်မရှိဘူး အခြားမင်းသားနှစ်ပါးရဲ့ခေါင်းပေါ်ကဦးထုပ်အရောင်ကို
ကြည့်ခွင့်ရှိတယ်။
အဲ့ဒီတော့ မောင်မင်းဟာအခြားမင်းသားနှစ်ယောက်ရဲ့ ခေါင်းပေါ်ကဦးထုပ် အရောင်ကိုကြည့်ပြီး မောင်မင်းခေါင်းပေါ်ကဦးထုပ်အရောင်ကိုပြောပါ
အဖြေမှားမယ်ဆိုရင်သေဒဏ်ပေးမယ်"
လို့မိန့်တယ်။
အဲဒါနှင့်ပထမ မင်းသားကိုမျက်စည်းဖြေပြီးမေးတယ်။ မရပါဘူး။ သေမှာကြောက်လို့လက်လျော့တယ်။
ဒုတိယမင်းသားလည်းဒီအတိုင်းပါပဲ။
ကဲ......တတိယမင်းသားအလှည့်ရောက်ပါပြီ။
ဘုရင်ကမျက်စည်းဖြေလိုက်တော့ သူ့ရှေ့ကမင်းသား၂ယောက်ဟာ
ဦးထုပ်အဖြူ၂ခုဆောင်းထားတာကိုတွေ့ရတယ်။
ဒါပေမယ့်သူဖြေတာမှန်သွားတယ်။
ကယ်......သူကဘာဖြေလိုက်သလဲ၊အကြောင်းရင်းကိုပြောပါ။
Ans:
ဒါဟာ If ပုစ္ဆာကိုအခြေခံထားတာပါ။ if ပုစ္ဆာတွေက အကယ်လို့ ...တာဖြစ်ခဲ့မယ်ဆိုရင် အစချီစဉ်းစားရပါမယ်။ သက်သေပြတဲ့နေရာမှာ ဖြစ်ကြောင်းပြတာနှင့် မဖြစ်ကြောင်းပြတာ ၂ မျိုးရှိတယ်။ အခုမဖြစ်ကြောင်းကနေ အစချီပါ့မယ်။
တတိယမင်းသားဟာ အဖြူ ၂ခုမြင်တယ်။
အကယ်လို့သူသာ အနက်ဆောင်းထားမယ်ဆိုရင်...ဘယ်လိုသက်ရောက်မလဲ။
ပထမလူအမြင် - အဖြူတစ်လုံး အနက်တစ်လုံးမြင်မည်။
ဒုတိယလူအမြင် - သူလည်း အဖြူတစ်လုံး အနက်တစ်လုံးမြင်မှာပဲ။ ဒါပေမယ့် ပထမလူအမြင်ကို စဉ်းစားရပြီ။ ပထမလူမြင်နိုင်တာက အဖြူ အဖြူ ၊ အနက် အနက်၊ အဖြူ အနက်။
တတိယလူက အနက်ဖြစ်လို့ အဖြူ အဖြူ မဖြစ်နိုင်တော့ဘူး။
အနက် အနက်ဆိုရင် ပထမလူ မဖြေနိုင်စရာအကြောင်းမရှိဘူး။
ဒါကြောင့် အဖြူ အနက် မြင်ခဲ့တယ်လို့ယူဆတယ်။ ဒါဆိုရင် သူဟာ အနက်ဆောင်းထားလား အဖြူဆောင်းထားလား စဉ်းစားလို့ရပြီ။ သူသာ အနက်ဆောင်းထားရင် ပထမလူအနေနှင့် အနက် ၂လုံးမြင်ရပါမယ်။ ဒါကြောင့်သူ အဖြူဆောင်းထားတာပါ ဆိုပြီးဖြေနိုင်ပါလိမ်မယ်။
ဒါပေမယ့် သူမဖြေနိုင်ခဲ့ပါဘူး။ ဒါကြောင့်တတိယလူဟာ အနက်မဖြစ်နိုင်တော့ဘူး။
ထို့ကြောင့် တတိယလူဟာ အဖြူဆောင်းထားပါတယ်။
No comments:
Post a Comment