logical puzzle 1

Horizon International School ရဲ့စာအုပ်ထဲက ပုစ္ဆာတစ်ပုဒ်ပါ။


"ပေးထားသော လူလေးယောက်မှတစ်ယောက်သည် ပိတ်မုန့်စားသည်ဟုသိထားသည်။

အာခီ - ကိတ်မုန့်ကို ဒေးဗ် စားခဲ့သည်။
ဒေးဗ် - ကိတ်မုန့်ကို တိုနီ စားခဲ့သည်။
ဂျက် - ကိတ်မုန့်ကို ကျွန်တော်မစားခဲ့ပါ။
တိုနီ - ဒေးဗ်က ကျွန်တော်ကိတ်မုန့်စားသည်ဟု လိမ်ပြောခဲ့သည်။

ပေးထားသော အချက်များမှ တစ်ချက်သာမှန်ခဲ့လျှင် မည်သူသည်ကိတ်မုန့်ကိုစားခဲ့သနည်း။"

အထက်တန်းအတွက်ဆိုတော့ ပုစ္ဆာက လွယ်လွယ်လေးပါ။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး ဆိုပြီးစဉ်းစားကြည့်ပါ။ ပုစ္ဆာကို english လိုဖတ်ချင်ရင်အောက်မှာ ရေးထားပေးပါတယ်။

"Four men, one of whom is known to have eaten the cake, made the following statements when asked.

Archie - Dave ate it.
Dave - Tony ate it.
Jack - I didn't eat it.
Tony - Dave lied when he said I ate it.

If only one of these statements is true, who was the man who ate the cake?"


Ans:
ဂျက် (Jack)



ပုစ္ဆာက ၁ယောက်ပဲမှန်တယ်လို့ ပြောထားတယ်။ ဒါဆို ကျန်တဲ့ ၃ ယောက်ပြောတာက မှားမယ်။ ကဲ အောက်မှာ ဆက်ကြည့်လိုက်ရအောင်။

အကယ်၍ အာခီမှန်ခဲ့မယ်ဆိုလျှင် ထွက်ဆိုချက်က
အာခီ - ကိတ်မုန့်ကို ဒေးဗ် စားခဲ့သည်။
ဒေးဗ် - ကိတ်မုန့်ကို တိုနီ မစားခဲ့ပါ။
ဂျက် - ကိတ်မုန့်ကို ကျွန်တော် စားခဲ့သည်။
တိုနီ - ဒေးဗ်က ကျွန်တော်ကိတ်မုန့်စားသည်ဟု အမှန်ပြောသည်။
သုံးသပ်ချက် - အာခီနှင့် ဂျက် က ကိတ်မှန့်စားသည်။ သို့သော် လူတစ်ယောက်သာ ကိတ်မုန့်စားသည်ဟုသိထားသဖြင့် အာခီ၏ထွက်ဆိုချက် အမှန်မဖြစ်နိုင်ပါ။

အကယ်၍ ဒေးဗ်မှန်ခဲ့မယ်ဆိုလျှင် ထွက်ဆိုချက်က
အာခီ - ကိတ်မုန့်ကို ဒေးဗ် မစားခဲ့ပါ။
ဒေးဗ် - ကိတ်မုန့်ကို တိုနီ စားခဲ့သည်။
ဂျက် - ကိတ်မုန့်ကို ကျွန်တော် စားခဲ့သည်။
တိုနီ - ဒေးဗ်က ကျွန်တော်ကိတ်မုန့်စားသည်ဟု အမှန်ပြောသည်။
သုံးသပ်ချက် - ဒေးဗ်နှင့် ဂျက် က ကိတ်မှန့်စားသည်။ သို့သော် လူတစ်ယောက်သာ ကိတ်မုန့်စားသည်ဟုသိထားသဖြင့် ဒေးဗ်၏ထွက်ဆိုချက် အမှန်မဖြစ်နိုင်ပါ။

အကယ်၍ ဂျက်မှန်ခဲ့မယ်ဆိုလျှင် ထွက်ဆိုချက်က
အာခီ - ကိတ်မုန့်ကို ဒေးဗ် မစားခဲ့ပါ။
ဒေးဗ် - ကိတ်မုန့်ကို တိုနီ မစားခဲ့ပါ။
ဂျက် - ကိတ်မုန့်ကို ကျွန်တော်မစားခဲ့ပါ။
တိုနီ - ဒေးဗ်က ကျွန်တော်ကိတ်မုန့်စားသည်ဟု အမှန်ပြောသည်။
သုံးသပ်ချက် - တိုနီက ကိတ်မုန့် မစားဘူး စားတယ် ထွက်ဆိုချက်မှာ အစီအစဉ်မကျ ရှေ့နောက်မညီသောကြောင့် ဂျက်၏ထွက်ဆိုချက် အမှန်မဖြစ်နိုင်ပါ။

အကယ်၍ တိုနီမှန်ခဲ့မယ်ဆိုလျှင် ထွက်ဆိုချက်က
အာခီ - ကိတ်မုန့်ကို ဒေးဗ် မစားခဲ့ပါ။
ဒေးဗ် - ကိတ်မုန့်ကို တိုနီ မစားခဲ့ပါ။
ဂျက် - ကိတ်မုန့်ကို ကျွန်တော် စားခဲ့သည်။
တိုနီ - ဒေးဗ်က ကျွန်တော်ကိတ်မုန့်စားသည်ဟု လိမ်ပြောခဲ့သည်။
သုံးသပ်ချက် - ကိတ်မုန့်ကို ဂျက်စားခဲ့သည်ဟု ပြောဆိုရာတွင် ကျန်ထွက်ဆိုချက်နှင့် အမှားယွင်းမရှိသောကြောင့် အဖြေမှန်က ဂျက်ဖြစ်သည်။

No comments:

Post a Comment